+66 2 933 9000 , WhatsApp: +66 81 919 6225 bkk@panwa.co.th

ကုမ္ပဏီအား ဖျတ်သိမ်းခြင်း (ကုမ္ပဏီနှင့် သက်ဆိုင်သော စာရင်းများအား ရှင်းလင်းဖျတ်သိမ်းခြင်း – ကုမ္ပဏီအား ရှင်းလင်းဖျတ်သိမ်းခြင်း)

ဆောင်ရွက်လိုသော ကိစ္စရပ်များပေါ်တွင် မူတည်၍ ဝန်ဆောင်ခများ ကွဲပြားသွားမှာဖြစ်ပါသည်။

**ကိစ္စရပ် (၁): ရပ်ဆိုင်းနေသော ကုမ္ပဏီပိတ်သိမ်းခြင်း (ကုမ္ပဏီအား စတင် တည်ထောင်သည့် အချိန်မှ စတင်၍ လုပ်ငန်းလုပ်ကိုင်ခြင်း မရှိသော ကုမ္ပဏီ) အတွက် ဝန်ဆောင်ခမှာ ဘတ်ငွေ ၃၀,၀၀၀ ဖြစ်ပါသည်။ စုစုပေါင်း ဝန်ဆောင်ခနှင့်ပတ်သက်၍ အသေးစိတ် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာ ဝန်ဆောင်ခ နှင့် အဖိုးအခများ ကို အောက်ဖော်ပြပါအတိုင်း ဆက်လက် ဖတ်ရှု နိုင်ပါသည်။

  • DBD နှင့် RD တို့တွင် မှတ်ပုံတင်များကို ဖျတ်သိမ်းခြင်းတို့အတွက် ဘတ်ငွေ ၂၀,၀၀၀
  • ကုမ္ပဏီနှင့်သက်ဆိုင်သည့် စာရင်းများ၊ စာရင်းစစ်ခြင်း နှင့် အသင်းအဖွဲ့နှင့်သက်ဆိုင်သော ဝင်ငွေခွန်များ ရှင်းလင်းဆောင်ရွက်ခြင်းတို့အတွက် ဘတ်ငွေ ၁၀,၀၀၀
  • အစိုးရအားတရားဝင်ပေးသွင်းရသော အဖိုးအခများ နှင့် အခြားကုန်ကျစရိတ်များအတွက် ဘတ်ငွေ ၁,၀၄၀
  • ဥပဒေ အကြောင်းအရာများနှင့် သက်ဆိုင်၍ လုပ်ဆောင်ရသော လုပ်ငန်းစဉ်များ (ပြည်တွင်း သတင်းစာများတွင် ကုမ္ပဏီ ပိတ်သိမ်းကြောင်းအား ၃ ကြိမ် ကြော်ငြာခြင်း) တို့အတွက် ဘတ်ငွေ ၁,၅၀၀
  • အစည်းအဝေး တက်ရောက်နိုင်ရန် ဖိတ်ကြားခြင်းတို့အတွက် ဖိတ်ကြားလွှာ ပို့ဆောင်ခ ခန့်မှန်းဘတ်ငွေ ၃၀၀
  • စုစုပေါင်း ဘတ်ငွေ ၃၂,၈၄၀ ပျမ်းမျှခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် NON-VAT ကုမ္ပဏီများအတွက် အခွန်များ စုံစမ်းစီစစ်ခြင်းတို့တွက် တန်းစီစောင့်ဆိုင်း ရခြင်းတို့မှအပ ပုံမှန်အားဖြင့် (၁)လ အတွင်း ပြီးစီးမည်ဖြစ်ပါသည်။

VAT မှတ်ပုံတင်ထားသော ကုမ္ပဏီများအတွက် လစဉ် VAT နှင့် ပတ်သက်သော စာရွက်စာတမ်းများ အပြီးသတ် ပြန်လည်ရရှိရန် ခန့်မှန့်ခြေ (၆) လ ခန့် ကြာမြင့်မည် ဖြစ်ပါသည်။

** ကိစ္စရပ် (၂): သာမန်ကုမ္ပဏီများအတွက် ဝန်ဆောင်ခတွင်

DBD နှင့် RD တို့တွင် မှတ်ပုံတင်ထားသည်များကို ဖျတ်သိမ်းခြင်းတို့အတွက် ဘတ်ငွေ ၂၀,၀၀၀
ကုမ္ပဏီနှင့် ပတ်သက်သည့် စာရင်းအင်းများ ဆောင်ရွက်ခြင်း၊ စာရင်းစစ်ခြင်းများ နှင့် အသင်းအဖွဲ့နှင့် ပတ်သတ်သည့် ဝင်ငွေခွန်များ ဆောင်ရွက်ခြင်းတို့အတွက် ဘတ်ငွေ ——— ကျသင့်မည်ဖြစ်ပြီး ကုမ္ပဏီ၏ လုပ်ငန်းအမျိုးအစား၊

အရွယ်အစား နှင့် စာရင်းအင်းများ ပေါ်တွင် မူတည်၍ ဝန်ဆောင်ခများ ကွဲပြားသွားမည် ဖြစ်ပါသည်။ ကုမ္ပဏီနှင့် ပတ်သက်သော စာရွက်စာတမ်း များကို ပြန်လည်စီစစ်ပြီးမှသာလျှင် ကျသင့်မည့် ဝန်ဆောင်ခကို ပြန်လည် ပြောကြားပေးမည် ဖြစ်ပါသည်။

လုပ်ငန်းစဉ်များ နှင့် ခန့်မှန်းခြေ ကြာမြင့်မည့် အချိန်ကာလများမှာ-

– ဇွန်လ ၁ ရက်: လုပ်ငန်းစဉ် (၁): ပြည်တွင်းထုတ် သတင်းစာတွင် ကုမ္ပဏီ ဖျတ်သိမ်းကြောင်း ကြော်ငြာခြင်း။
– ဇွန်လ ၁၅ ရက်: လုပ်ငန်းစဉ် (၂): စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOC) တွင် ကုမ္ပဏီ ဖျတ်သိမ်းကြောင်းအား မှတ်ပုံတင်ခြင်း။
– ဇွန်လ ၁၆ ရက်: လုပ်ငန်းစဉ် (၃): အခွန်ဦးစီးဌာန (RD) ထံသို့ VAT Certificate (P.P.20) အား ပြန်လည်အပ်နှံခြင်း။
– ဇွန်လ ၂၈ ရက်: လုပ်ငန်းစဉ် (၄): ကုမ္ပဏီ ဖျတ်သိမ်းသည့် ကာလအတွက် ကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းများ (FS) ကိုပြင်ဆင်ခြင်း။ (ကုမ္ပဏီဖျတ်-သိမ်းမည့် ရက်စွဲဖြင့်)
– ဇူလိုင်လ ၁ ရက်: လုပ်ငန်းစဉ် (၅): အသင်းအဖွဲ့နှင့်သက်ဆိုင်သည့် ဝင်ငွေခွန်များကို (PND.50) တင်သွင်းခြင်း။
-ဇူလိုင်လ ၁ ရက်: လုပ်ငန်းစဉ် (၆): ကုမ္ပဏီနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား ရှင်းလင်း ပြီးစီးကြောင်းကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (MOC) ထံသို့ ဘဏ္ဍာရေး ရှင်းတမ်းများ (FS) များဖြင့်တစ်ပါတည်း မှတ်ပုံတင်ခြင်း။
– ဇူလိုင်လ ၂ ရက်: လုပ်ငန်းစဉ် (၇): အခွန် ID များကို အခွန်ဦးစီးဌာန (RD) ထံသို့ ပြန်လည်အပ်နှံခြင်း။
– လုပ်ငန်းစဉ် (၈): အခွန်ဦးစီးဌာန (RD) မှ VAT ပယ်ဖျက်ခြင်း ကိုအတည်ပြု ပေးပြီးပါက ပယ်ဖျက်ပြီးကြောင်း အကြောင်းအစာကို (၆)လ အတွင်း ပြန်လည်ထုတ်ပြန်မည်ဖြစ်ပါသည်။

အသေးစိတ်ကို မူရင်း Website: https://www.companythailand.net/liquidation-dissolution/

 

For more information, please feel free to contact us:

Phones: +66 2 933 9000
Email: bkk@panwa.co.th
WhatsApp: +66 81 919 6225 (Mr. Tana Sipa)
LineApp ID: @panwa

 

 

 

 

 

Address: 1560 Latphrao Rd., Wangthonglang, Bangkok 10310, Thailand.

Location: https://goo.gl/maps/MhJsbjkPrji51Qyt6

Sky train: Yellow Line, Chokchai 4 Station, Gate 4. Our office is located between Soi Latphrao 50 and 52.